ကိုယ်ရေးဆိုင်ရာ သတိပေးချက်

မိတ်ဆက်

VFS Global မှာ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်များကို ကာကွယ်ပေးရန် နှင့် လေးစားရန် သန္နိဋ္ဌာန်း ချထားကြပါသည်။

ဤကိုယ်ရေးဆိုင်ရာ သတိပေးချက် (“သတိပေးချက်”) က VFS Global နှင့် ၎င်း၏ တစ်ကမ္ဘာလုံးရှိ ကုမ္ပဏီများ နှင့် လက်အောက်ခံများ (“VFS Global၊” “ကျွန်ုပ်တို့”၊ သို့မဟုတ် “ကျွန်ုပ်တို့အား”) က ကိုယ်ရေး အချက်အလက်များကို ကိုင်တွယ်ကြပုံကို ရှင်းပြပါသည်။ ဤသတိပေးချက်မှာ VFS Globa ၏ မည်သည့် ဝဘ်ဆိုက်၊ ထုတ်ကုန်၊ ဆော့ဝဲ သို့မဟုတ် ၎င်းနှင့် ချိတ်ဆက်နေသည့် ဝန်ဆောင်မှုနှင့် မဆို သက်ဆိုင်ပါသည်။ ရံဖန်ရံခါတွင်၊ ဝန်ဆောင်မှု တစ်ခုမှာ မတူသည့် ကိုယ်ရေးဆိုင်ရာ သတိပေးချက်နှင့် ချိတ်ဆက်လျက် ရှိနိုင်ပြီး ထိုဝန်ဆောင်မှုဆိုင်ရာ အထူးဖြစ်သည့် ကိုယ်ရေးဆိုင်ရာ လုပ်ကိုင်နည်းများကို အလေးပေး ဖေါ်ပြနိုင်ပါသည်။

ကျွန်ုပ်တို့သည် ဤကိုယ်ရေးဆိုင်ရာ သတိပေးချက်ကို အချိန်အခါ အားလျော်စွာ ပြောင်းလဲ နိုင်ကြသောကြောင့် ကျေးဇူးပြုပြီး သင်သည် ရှိနိုင်သည့် အပြောင်းအလဲများကို ကျေနပ်ကြောင်း သေချာစေရန် ဤစာမျက်နှာကို အချိန်အခါ အားလျော်စွာ စစ်ကြည့်ပါ။

ဤသတိပေးချက်ကို ကျွန်ုပ်တို့သည် 2018 ခုနှစ် ဖေဖေါ်ဝါရီ 23 ရက်တွင် နောက်ဆုံး မွမ်းမံခဲ့သည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့်၊ သင်သည် ဤသတိပေးချက်ကို လိုက်နာရန် သဘောတူခြင်း ဖြစ်ပါသည်။

သင်သည် ဤကိုယ်ရေးဆိုင်ရာ သတိပေးချက်နှင့် ကျွန်ုပ်တို့၏ ကိုယ်ရေးဆိုင်ရာ လုပ်ကိုင်ပုံများနှင့် ပတ်သက်ပြီး မေးမြန်းလိုပါက က​ျေးဇူးပြုပြီး ကျွန်ုပ်တို့၏ ဒေတာ ကာွကယ်ရေး အရာရှိကို ဆက်သွယ်ပါ သို့မဟုတ် ရေးရန်မှာ-

လိပ်စာ- Attn:
- Data Protection Officer
VF Services UK Limited, 
3rd Floor,
66 Wilson Street,
London,
EC2A 2BT
U.K.

ကျွန်ုပ်တို့ အကြောင်း။

VFS Global သည် တစ်ကမ္ဘာလုံးရှိ အစိုးရများနှင့် သံတမန် အဖွဲ့အစည်းများ အတွက် ပြင်ပမှလုပ်ကိုင်ပေးသည့် နည်းပညာ ဝန်ဆောင်မှုများဆိုင်ရာ ကမ္ဘာ့အကြီးမားဆုံး ကျွမ်းကျင်သူပါ။ ကျွန်ုပ်တို့အား ဗီဇာ၊ ပါမစ် နှင့် ခရီးသွား စာရွက်စာတမ်းအမျိုးအစား အမျိုးမျိုးအတွက် လျှောက်လွှာများကို လက်ခံယူရန် နှင့် ယင်း လျှောက်လွှာများနှင့် ဆက်နွှယ်နေကြသည့် စီမံအုပ်ချုပ်ရေး နှင့် ဆုံးဖြတ်ချက်နှင့် မဆိုင်သည့် တာဝန်များ နှင့် ကျွန်ုပ်တို့၏ အိမ်ရှင် အစိုးရများအတွက် နိုင်ငံသားဆိုင်ရာ ဝန်ဆောင်မှုများကို လုပ်ကိုင်ရန် တရားဝင် ခွင့်ပြုထားခြင်းရာ ၎င်းတို့အား အရေးပါသည့် စိစစ်ရေး လုပ်ငန်းကိုသာ ဂရုစိုက် လုပ်ဆောင်ခွင့် ပေးထားပါသည်။ လျှောက်လွှာများကို စီမံဆောင်ရွက်ရေး ဝန်ဆောင်မှု ပေးနေသည် ဖြစ်၍၊ VFS Global သည် ဒေတာ ပရိုဆက်ဆာ တစ်ခုလို လုပ်ကိုင်နေခြင်း ဖြစ်ပြီး သက်ဆိုင်ရာ သံတမန် အဖွဲ့အစည်းများမှာ ဒေတာ ထိန်းချုပ်သူများ ဖြစ်ကြပါသည်။

ယူနိုင်တက် ကင်းဒမ်း ဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေး

https://www.gov.uk/contact-ukvi-inside-outside-uk

 

ကျွန်ုပ်တို့က သင့်အကြောင်း အချက်အလက်များကို စုစည်းကြပုံ။

သင့်အကြောင်း အချက်အလက်များကို ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ကို သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင် အသုံးပြုသည့် အခါမှာ ကျွန်ုပ်တို့ ရယူကြပါသည်၊ ဥပမာ၊ သင်က ဗီဇာကို လျှောက်စဉ် သို့မဟုတ် ကျွန်ုပ်တို့၏ ဗီဇာ လျှောက်ရေး ဝန်ဆောင်မှုများကို အသုံးပြုသည့် အခါမှာပါ။ ထို့အပြင်၊ ကျွန်ုပ်တို့သည် သာမည အရင်းအမြစ်များထံမှ၊ ဥပမာ၊ တာဝန်ခံ အစိုးရက ပြုလုပ်ရန် တောင်းဆိုလာ၍၊ ဗီဇာ လျှောက်လွှာကို စီမံဆောင်ရွက်မှု အစိတ်အပိုင်း အဖြစ် စာတမ်း တစ်ခုကို အတည်ပြုစဉ် ရယူနိုင်ကြပါသည်။ ထို့နောက်မှာ ကျွန်ုပ်တို့သည်၊ ဥပမာ၊ ခရက်ဒစ် အဆင့်သတ်မှတ်ရေး အေဂျင်စီများ၊ လိမ်လည်မှုကို ခြေရာခံရေး အေဂျင်စီများ၊ ပညာရေး ဌာနများ၊ ယခင်က အလုပ်ရှင်များ နှင့် အခြားသော အဖွဲ့အစည်းများကို ဆက်သွယ်ကြပြီး ဖြည့်စွက် အချက်အလက်များကို ရယူဖို့ အားထုတ်ကြပါသည်။

 

သင့်ထံမှနေပြီး မည်သည့် အချက်အလက် အမျိုးအစားကို စုစည်းယူသလဲ။

အိမ်ရှင် အစိုးရများမှ ဗီဇာ လျှောက်လွှာကို တင်သွင်းရန် သို့မဟုတ် တောင်းခံထားသည့် ဝန်ဆောင်မှုကို စီမံပေးနိုင်ရန် အတွက်၊ တောင်းဆိုကြသည့် အချက်အလက်များကိုသာ ကျွန်ုပ်တို့ စုစည်းကြပါသည်။ ကျွန်ုပ်တို့က စုစည်းကြသည့် ကိုယ်ရေးဆိုင်ရာ အချက်အလက်များမှာ သင်က လျှောက်ထားသည့် ဗီဇာပေါ်တွင် မူတည်ပါသည်၊ ဗီဇာကို ထုတ်ပေးမည့် အစိုးရက ကျွန်ုပ်တို့ စုစည်းပေးလိုက်သည့် အချက်အလက်များကို အခြေခံပြီး ဆုံးဖြတ်ပေး၍ ဖြစ်ပါသည်။

စုစည်းတတ်သည့် ဒေတာ အမျိုးအစားများ၏ သာဓကများ-

ကိုယ်ရေးဆိုင်ရာ ဒေတာ အမည်၊ အမျိုးသား သက်သေခံ လက်မှတ် နံပါတ်၊ နိုင်ငံသားဖြစ်မှု၊ လိင်၊ သင်၏ ခရီးသွား စာရွက်စာတမ်း၏ အသေးစိတ်များ (ဥပမာ၊ နိုင်ငံကူးလက်မှတ် သို့မဟုတ် ID)၊ အီးမေးလ် လိပ်စာ၊ တယ်လီဖုန်း နံပါတ် နှင့် စာတိုက် လိပ်စာ၊ မွေးသည့် နေရာနှင့် ရက်စွဲ။

အထူးအရေးကြီးသည့် ကိုယ်ရေးဆိုင်ရာ ဒေတာ- ဘာသာရေး၊ အိမ်ထောင်ရေး အခြေအနေ၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ လက်ဗွေ၊ ဓာတ်ပုံများ နှင့် DNA နမူနာများ ကဲ့သို့ ဇီဝတိုင်းထွာမှု ဒေတာ။

အခြား သူများ- ကလေးများ၊ မိဘ အမည်များ၊ ခင်ပွန်း အမည်၊ အလုပ်ရှင်ဆိုင်ရာ အသေးစိတ်များ၊ ကိုယ်ရေးကိုယ်တာ ထောက်ခံချက် ပေးသူ၊ သင် သွားမည့် နေရာမှာ သင် နေထိုင်မည့် လိပ်စာ။

ဆက်သွယ်ရေး ဒေတာ- ဆက်သွယ်ရေး အသေးစိတ်များ၊ အီးမေးလ်၊ မိုဘိုင်း ဖုန်း နံပါတ်။

ငွေပေးချေရေး ဒေတာ- ငွေပေးချေသည့် ကဒ် အသေးစိတ်များ၊ ဘဏ် အကောင့် အသေးစိတ်များ။

အီလက်ထရွန်းနစ် မီဒီယာ ဒေတာ- CCTV ပုံများ၊ ဗီဒီယို နှင့် အသံ ဖမ်းယူထားမှုများ၊ ဝဘ်ဆိုက် ကူးကီးများ (အောက်မှာ ကြည့်ပါ)

ဤစာရင်းမှာ အလုံးစုံ ပါဝင်ခြင်း မဟုတ်ဘဲ အိမ်ရှင် အစိုးရ၏ တောင်းဆိုချက်များ နှင့် သင်က ကျွန်ုပ်တို့ထံမှ တောင်းဆိုထားသည့် ဝန်ဆောင်မှုများ အပေါ်တွင် မူတည်ပြီး ကွဲပြားပါသည်။

သင်သည် သင်၏ ဗီဇာ သို့မဟုတ် ခရီးသွား စာရွက်စာတမ်း အတွက် ကောက်ခံမည့် ကိုယ်ရေး အချက်အလက်များကို တိကျစွာ သိရှိလိုလျှင်၊ ကျေးဇူးပြုပြီး ကျွန်ုပ်တို့၏ ဒေတာ ကာကွယ်ရေး အရာရှိ ထံ ဆက်သွယ်ပါ သို့မဟုတ် သက်ဆိုင်ရာ သံတမန် အဖွဲ့အစည်းကို အထက်တွင် ဖေါ်ပြထားသည့် လိပ်စာမှာ ဆက်သွယ်ပါ။

 

သင်၏ အချက်အလက်များကို အသုံးပြုပုံ။

VFS Global သည် သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ဗီဇာ လျှောက်လွှာ၏ အထူးလိုအပ်ချက် အတွက် သို့မဟုတ် သင်က၊ သင်၏ ဗီဇာကို ဆက်သားဖြင့် သင့်အိမ်သို့ ပို့ပေးရန် ကဲ့သို့၊ တောင်းဆိုထားသည့် ထပ်တိုး ဝန်ဆောင်မှုကို စီစဉ်ပေးရန် အတွက်သာ စုစည်းပါသည်။

ကျွန်ုပ်တို့က သင်၏ အချက်အလက်များကို သုံးနိုင်သည်မှာ-

  • ဗီဇာ လျှောက်ရေး စင်တာ (VAC) တစ်ခုရှိ ကျွန်ုပ်တို့၏ ဗီဇာ တင်သွင်ရေး အရားရှိ တစ်ဦးထံတွင် ရက်ချိန်းကို ပြုလုပ်ရန်၊
  • သင့်အား သင်၏ ဗီဇာ သို့မဟုတ် အခြား ခရီးသွား စာရွက်စာတမ်းကို လျှောက်ထားမှုထဲ ကူညီပေးရန်၊
  • သင် မည်သူမည်ဝါ ဖြစ်ကြောင်း သင့်အဆိုကို အတည်ပြုရန်၊
  • သင့်အား သင့်လျှောက်လွှာ၏ တိုးတက်မှု အခြေအနေကို ခြေရာကြည့်စေရန်၊
  • သင်မှ တောင်းဆိုထားသည့် ထပ်တိုး ဝန်ဆောင်မှုများကို သင့်အတွက် စီစဉ်ပေးရန်၊
  • ကျွန်ုပ်တို့၏ အိမ်ရှင် အစိုးရများထံမှ လုပ်ပိုင်ခွင့်များလာ တာဝန်များကို ထမ်းဆောင်ရန်၊
  • သင်၏ ဗီဇာ သို့မဟုတ် အခြား ခရီးသွား စာရွက်စာတမ်းနှင့် ဆက်နွှယ်လျက် စိစစ်အတည်ပြုရေး လုပ်ရိုးလုပ်စဉ်များကို လုပ်ကိုင်ရေး ရည်ရွယ်ချက်များ အတွက်၊
  • ရာဇဝတ်မှုကို ဟန့်တားရန်၊
  • ကျွန်ုပ်တို့က ပေးကြသည့် ဝန်ဆောင်မှုများ ဆိုင်ရာ သင်၏ အမြင်များနှင့် သုံးသပ်ချက်များကို ရယူရန်၊
  • သင်၏ ခွင့်ပြုချက်ဖြင့်၊ သင်က တောင်းဆိုထားပြီး သင့်အတွက် စိတ်ဝင်စားစရာ ကောင်းနိုင်သည့် ဆက်သွယ်ပြောဆိုမှုများကို သင့်ထံ ပို့ပေးရန်။ 

ကျွန်ုပ်တို့က သင်၏ ဒေတာကို မည်မျှကြာအောင် သိမ်းထားကြသလဲ။

ကျွန်ုပ်တို့သည် ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ထိန်းသိမ်းထားသည့် ကာလများကို ပုံမှန် ဆန်းစစ်တတ်ပါသည်။ ကျွန်ုပ်တို့သည် ဥပဒေလာ မိမိတို့၏ တာဝန်များ (ဥပမာ- အခွန်စည်းကြပ်ရေး ဥပဒေ) ကို ထမ်းဆောင်ရန် အချို့သော အချက်အလက် အမျိုးအစားများကို ထိန်းသိမ်းထားရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို အိမ်ရှင် အစိုးရမှ သက်ဆိုင်ရာ လုပ်ဆောင်ချက် အတွက် ပေးထားသည့် လုပ်ပိုင်ခွင့်များအရ လိုအပ်သည့် အထိ သို့မဟုတ် သင်က ကျွန်ုပ်တို့နှင့် ချုပ်ဆိုထားသည့် သက်ဆိုင်ရာ စာချုပ်ထဲ ပြဋ္ဌာန်းထားသည့် ကာလအထိသာ မိမိတို့၏ စနစ်ထဲ သိမ်းဆည်းထားပါမည်။

 

သင်၏ အချက်အလက်များကို မည်သူတို့ ရယူသုံးနိုင်သလဲ။

ကျွန်ုပ်တို့သည် သင်က အထူးသဘောတူညီချက်ကို မပေးခဲ့လျှင်၊ သင်၏ အချက်အလက်များကို အခြား သူတို့အား မျှဝေမပေးကြပါ။ သင်သည် ထိုသဘောတူညီချက်ကို သက်ဆိုင်လျှင် အချိန်မရွေး သင့်အကောင့်၏ ရွေးချယ်မှုများဆီသို့ အွန်လိုင်း သွားပြီး သို့မဟုတ် သင် လျှောက်လွှာ တင်သွင်းစဉ် သင့်အားပေးခဲ့သည့် ကျွန်ုပ်တို့၏ သုံးစွဲသူများ စင်တာသို့ ဆက်သွယ်လျက် ပြောင်းလဲနိုင်သည်။

သင်က အထူးသဘောတူညီချက်ကို မပေးခဲ့လျှင်၊ သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို အခြားသူတို့အား ဖွင့်ပြမည် မဟုတ်ပါ။ သင်၏ တောင်းဆိုချက်များကို စီမံဆောင်ရွက်ပေးရန် သို့မဟုတ် သင်က၊ ဥပမာ သင် ခရီးသွားမည့် နေရာမှာ သင့် အတွက် ပြဇာတ် တစ်ခုကို သို့မဟုတ် လေ့လာရေး ခရီးကို အော်ဒါ လုပ်ပေးရန်၊ သို့မဟုတ် စိစစ်အတည်ပြုရေး လုပ်ငန်းစဉ် ပြုလုပ်ပေးရန် သို့မဟုတ် ရာဇဝတ်မှုကို ဟန့်တားရန် ကဲ့သို့၊ သင်က တောင်းဆိုခဲ့သည့် ထပ်တိုး ဝန်ဆောင်မှုကို ဆောင်ရွက်ပေးရန်၊ ကျွန်ုပ်တို့သည် VFS Global ပိုင်ဆိုင်သည့် ကုမ္ပဏီများအား သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို မျှဝေပေးနိုင်ကြပါသည်။

 

တရားဝင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ 

ဗီဇာ သို့မဟုတ် ခရီးသွားရေး အခြား စာရွက်စာတမ်း အတွက် လျှောက်လျှင် ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို သင်က သွားရန် လ​ျှောက်နေသည့် နိုင်ငံကို ကိုယ်စားပြုသည့် နိုင်ငံခြား သံတမန်အဖွဲ့အစည်းထံသို့ ပို့ပေးရပါမည်။ ထို သံတမန် အဖွဲ့အစည်းက သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ရာဇဝတ်မှု သို့မဟုတ် အကြမ်းဖက်မှုကို ဟန့်တားရန် အတွက် သက်ဆိုင်နိုင်သည့် အစိုးရ၊ အာဏာပိုင်အဖွဲ့ သို့မဟုတ် ဥပဒေ စိုးမိုးရေး အာဏာပိုင်များထံသို့ မျှဝေပေးနိုင်ပါသည်။

 

တရားဝင် အကြောင်းရင်းရှိနိုင်သည့် အခြားသူများအား-

ကျွန်ုပ်တို့သည် အောက်ပါများကဲ့သို့ လိုအပ်သည်ဟု ကျွန်ုပ်တို့က ယူဆလျှင် ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို မျှဝေပေးနိုင်ပါသည်-

တရားဝင် တာဝန်များကို လိုက်နာရန်နှင့်၊ သင် နေထိုင်ရာ နိုင်ငံ အပြင်မှာ ရှိနိုင်သည့် အာဏာပိုင် အဖွဲ့အစည်းများ အပါအဝင် ဥပဒေ စိုးမိုးရေးနှင့် အခြားသော အစိုးရ အာဏာပိုင် အဖွဲ့များနှင့် အစိုးရ အေဂျင်စီများထံမှ တောင်းဆိုချက်များကို တုံ့ပြန်ပေးရန်၊။

လုပ်ငန်း ပေါင်းစည်းမှု၊ ရောင်းချမှု၊ ပြန်လည် ဖွဲ့စည်းမှု၊ ဝယ်ယူမှု၊ ဖက်စပ် လုပ်ငန်း၊ တာဝန်ပေးအပ်ခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ စီးပွားရေး လုပ်ငန်း၊ ပိုင်ဆိုင်မှု ပစ္စည်းများ သို့မဟုတ် လက်ကျန် ပစ္စည်းများ အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို (ဒေဝါလီခံရခြင်း သို့မဟုတ် အလားတူ ဖြစ်ရပ်များနှင့် ဆက်စပ်လျက် အပါအဝင်) ထုခွဲရန် ရှိနေလျှင်

ကျွန်ုပ်တို့၏ လုပ်ပိုင်ခွင့်များ၊ သုံးစွဲသူများ၊ စနစ်များ နှင့် ဝန်ဆောင်မှုများကို ကာကွယ်ပေးရန်။

 

ကျွန်ုပ်တို့ ကိုယ်စား ဝန်ဆောင်မှုကို ပေးကြသည့် အခြားသူများ  

ကျွန်ုပ်တို့သည် သင့်အတွက် ယူထားသည့် တာဝန်များကို ပြီးဆုံးစေရန်နှင့် ကျွန်ုပ်တို့ ကိုယ်စား (ဥပမာ၊ ငွေပေးချေမှုများ ဆောင်ရွက်ပေးရန် သို့မဟုတ် ဆက်သားဖြင့် သင့်ထံသို့ ဗီဇာကို ပို့ပေးမှု) လုပ်ကိုင်ပေးရန် အတွက် သင်၏ အချက်အလက်များကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ပေးကြသည့် အခြားသူများ၊ တစ်ဆင့်ခံ ကန်ထရိုက်တာ အေဂျင့်များနှင့် လက်အောက်ခံ အဖွဲ့အစည်းများထံသို့ လွှဲပေးနိုင်ကြပါသည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ကျွန်ုပ်တို့က ဝန်ဆောင်မှုကို ပေးရန် အခြားသူများကို သုံးကြရာတွင်၊ ကျွန်ုပ်တို့သည် ဝန်ဆောင်မှုကို စီစဉ်ပေးရန် လိုအပ်သည့် ကိုယ်ရေးဆိုင်ရာ အချက်အလက်များကိုသာ ဖွင့်ထုတ်ပေးကြပြီး ကျွန်ုပ်တို့က သူတို့နှင့် စာချုပ်ချုပ်ထားလျက် သင်၏ အချက်အလက်များကို လုံခြုံစွာ အသုံးချကြရန်နှင့် သူတို့၏ ဈေးကွက် ရည်မှန်းချက်များ အတွက် တိုက်ရိုက်သုံးမှု မပြုလုပ်ရန် တားမြစ်ထားသည်။ သင်၏ အချက်အလက်များကို ကျွန်ုပ်တို့သည် VFS Global ကွန်ရက်ကို ကျော်လွန်လျက် အခြားသူများအနေနှင့် သူတို့၏ တိုက်ရိုက် ရောင်းချရေး ရည်ရွယ်ချက်များ အတွက်၊ သင်က ထိုသို့ ပြုလုပ်ရန် ခွင့်ပြုချက် ပေးထားသည့် ကိစ္စမှအပ၊ သုံးနိုင်ရန် ထုတ်မပေးကြမှာကို ကျေးဇူးပြုပြီး စိတ်ချယုံကြည်ပါ။

 

ကျွန်ုပ်တို့က လက်တွဲ အလုပ်လုပ်ကြသည့် အခြား ထုတ်ကုန် ထုတ်လုပ်ပေးကြသူများ- 

သင့်အတွက် အကောင်းဆုံး ခရီးသွား အတွေ့အကြုံများကို ပေးနိုင်ရန်နှင့် အရည်အသွေး ကောင်းကြပြီး စိတ်ချရသည့် ဝန်ဆောင်မှု တသီကြီးကို မိတ်ဆက်ပေးရန် ကျွန်ုပ်တို့သည် အခြားထုတ်ကုန်ကို ထုတ်လုပ်ပေးကြသူ အနည်းငယ်တို့နှင့် နီးကပ်စွာ လုပ်ကိုင်ကြပါသည်။ ဥပမာ၊ သင်က သင်၏ ဗီဇာ လျှောက်လွှာ ငွေပေးချေသည့် အခါမှာ ကျွန်ပ်တို့သည် ငွေပေးချေမှုများကို စီမံဆောင်ရွက်ပေးသည့် နည်းလမ်း ရှိရပါမည်။ သက်ဆိုင်သည့် အခြား စီမံပေးသူသည် သင်၏ ငွေပေးချေမှုများကို စီမံဆောင်ရွက်ပေးရန် သင်၏ အသေးစိတ်များကို အသုံးပြုပြီး သက်ဆိုင်ရာ ဥပဒေများလာ သူတို့၏ တာဝန်များကို ထမ်းဆောင်ကြပါမည်။ အချို့ကိစ္စများမှာ၊ သူတို့သည် သင့်အချက်အလက်များ၏ ဒေတာ ထိန်းချုပ်သူ အဖြစ် ပါဝင်ကြမည်ြဖစ်ရာ သူတို့၏ ကိုယ်ရေးဆိုင်ရာ မူဝါဒကို ဂရုတစိုက် ဖတ်ရှုရန် သင့်ကို အကြံပေးလိုပါသည်။ ယင်းကဲ့သို့သော အခြား ထုတ်ကုန် ထုတ်လုပ်ပေးကြသူများသည် သင်၏ အချက်အလက်များကို ကျွန်ုပ်တို့အား မျှဝေကြမည် ဖြစ်ရာ ကျွန်ုပ်တို့က လက်ရှိ ကိုယ်ရေးဆိုင်ရာ မူဝါဒနှင့်အညီ ၎င်းတို့ကို အသုံးပြုကြပါမည်။ 

 

 

ဤဝဘ်ဆိုက် မှတစ်ဆင့် သင့်အား အဆိုပြုထားသည့် ဝန်ဆောင်မှုများ တစ်စိတ်တစ်ပိုင်း အဖြစ် သို့မဟုတ် ဗီဇာ လျှော်ကရေး စင်တာ တစ်ခုမှာ၊ သင်က ကျွန်ုပ်တို့အား ပေးလိုက်သည့် အချက်အလက်များကို၊ ကိစ္စတော်တော်များများထဲတွင်၊ ပြည်ပ နိုင်ငံများသို့ လွှဲပြောင်းပေးရပါမည်။ သင်က ဗီဇာ သို့မဟုတ် ခရီးသွားရေး အခြား စာရွက်စာတမ်း အတွက် လျှောက်လျှင် သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို သင်က သွားရန် လ​ျှောက်နေသည့် နိုင်ငံထံသို့ သံတမန်အဖွဲ့အစည်းထံ မှတစ်ဆင့် ပို့ပေးရသောကြောင့် ဖြစ်ပါမည်။ ယင်းနိုင်ငံများထံတွင် သင့်နိုင်ငံ သို့မဟုတ် အီးယူနှင့် တူညီသည့် အချက်အလက်များကို ကာကွယ်ရေး ဥပဒေများ ရှိချင်မှရှိပါမည်။ လျှောက်လွှာ၏ လိုအပ်သည့် အစိတ်အပိုင်း အဖြစ် ဥပဒေအရ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို လွှဲပြောင်းရန် ခွင့်ပြုချက်ကို သင့်ထံတွင် တောင်းဆိုရန် တာဝန်ရှိသည့် တိုင်အောင်၊ ဗီဇာ လျှောက်လွှာကို စီမံဆောင်ရွက်မှု အစိတ်အပိုင်း အဖြစ် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို လွှဲပြောင်းရန် သဘောတူညီချက်ကို သင့်ထံတွင် တောင်းဆိုကြပါမည်။

သင်က ခရီးထွက်ရန် လျှောက်နေသည့် နိုင်ငံကို အခြေခံပြီး ကျွန်ုပ်တို့သည် ယူကေ၊ ကနေဒါ၊ ဂျာမနီ၊ အိန္ဒိယ သို့မဟုတ် ရှရှားရှိ ကျွန်ုပ်တို့၏ ဒေတာ စင်တာ တစ်ခုခုသို့ သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ဌာန အတွင်းမှာ လွှဲပြောင်း ပေးနိုင်ကြပါသည်။ ကျွန်ုပ်တို့က ဥရောပ စီးပွားရေး နယ်မြေထဲမှနေပြီး ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ဌာန အတွင်းမှာ လွှဲပြောင်းပေးသည့် နိုင်ငံထဲက သက်ဆိုင်ရာ ဥပဒေများက ကိုယ်ရေးဆိုင်ရာများအား ကာကွယ်မှုကို သင်၏ ဇာတိနိုင်ငံမှာလို ဆင်တူ အဆင့်မှာ မပေးနိုင်လျှင်၊ ကျွန်ုပ်တို့သည် ကိုယ်ရေးဆိုင်ရာများအား သင့်တော်သည့် အဆင့်ဖြင့် ကာကွယ်ပေးရန် အရေးယူ ဆောင်ရွက်ပေးပါသည်။ တနည်းအားဖြင့်၊ သင်၏ လုပ်ပိုင်ခွင့်များနှင့် ကာကွယ်မှုများမှာ သင့်ဒေတာနှင့် ဒွန်တွဲလျက် ရှိနေမှာပါ။ ဥပမာ၊ ကျွန်ုပ်တို့သည် ဥရ​ောပ ကော်မရှင်မှ အတည်ပြုထားသည့် စာချုပ်ဆိုင်ရာ ပုဒ်မများ နှင့် သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို လက်ခံရရှိသူသည် ၎င်းတို့ကို ကာကွယ်ပေးရန် စီမံထားသည့် အစီအစဉ်များကို ကျင့်သုံးကြပါသည်။ 

သင်သည် ကျွန်ုပ်တို့၏ ဒေတာ လွှဲပြောင်းပေးရေး လုပ်ကိုင်ပုံများကို ပိုပြီး သိရှိလိုပါက၊ ကျေးဇူးပြုပြီး ကျွန်ုပ်တို့၏ ဒေတာ ကာကွယ်ရေး အရာရှိကို ဆက်သွယ်ပါ။

 

သင်၏ ရွေးစရာများ

အီးမေးလ်၊ ဖုန်း သို့မဟုတ် စာသား မက်ဆေ့များဖြင့် ပစ္စည်းရောင်းရန် ရည်ရွယ်ချက်များ အတွက် ကျွန်ုပ်တို့က၊ သင်ကနေပြီး ထိုသို့ ပြုလုပ်ရန် ကြိုတင်ပြီး ခွင့်ပြုချက် ပေးခဲ့ခြင်း မဟုတ်ပါက၊ သင့်ကို ဆက်သွယ်မည် မဟုတ်ပါ။ သင်သည် သင်၏ ဆုံးဖြတ်ချက်ကို အချိန်မရွေး ပြောင်းလျက် ပစ္စည်းရောင်းလိုသည့် အချက်အလက်များကို မရယူလိုလျှင် ကျွန်ုပ်တို့၏ သုံးစွဲသူများ စင်တာသို့ ဆက်သွယ်လျက် သို့မဟုတ် သင့်အကောင့်၏ ရွေးချယ်မှုများဆီသို့ အွန်လိုင်း သွားပြီး ပြောင်းလဲနိုင်သည်။

 

သင်၏ ရပိုင်ခွင့်များ

သင်သည် သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်လာလျှင် ဥပဒေနှင့်အညီ ရပိုင်ခွင့်များ အချို့ ရှိပါသည်။ ယင်း ရပိုင်ခွင့်များမှာ-

a။ သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို မည်သို့ အသုံးပြုကြောင်း သိရှိပိုင်ခွင့်။
b။ သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ရယူပိုင်ခွင့်။
c။ သင်၏ မမှန်ကန်သည့် ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ပြင်ဆင်ခွင့်။
d။ သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ဖျက်ပစ်ခွင့်။ (ဥပဒေက ထိုသို့ ခွင့်ပြုလျှင်)
e။ သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များအား စီမံဆောင်ရွက်မှုကို ကန့်သတ်ခွင့်။
f။ ဒေတာကို ယူဆောင် ပိုင်ခွင့်။
g။ သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များအား အသုံးချပုံကို ကန့်ကွက်ပိုင်ခွင့်။
h။ အလိုအလျောက် ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် ပရိုဖိုင်ရေးဆွဲမှု ဆိုင်ရာ လုပ်ပိုင်ခွင့်။

သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို မမှန်မကန် ကိုင်တွယ်ခဲ့သည် သို့မဟုတ် သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို စီမံဆောင်ရွက်ပုံနှင့် ပတ်သက်ပြီး သင် တိုင်တန်းလိုလျှင် သင့်ထံတွင် တိုင်တန်းပိုင်ခွင့် ရှိပါသည်။  

သင်သည် ကျွန်ုပ်တို့၏ ဒေတာ ကာကွယ်ရေး အရာရှိထံ၊ သို့မဟုတ် သက်ဆိုင်သည့် သံတမန် အဖွဲ့အစည်းထံ တိုက်ရိုက်၊ သို့မဟုတ် အီးယူထဲက မည်သည့် နိုင်ငံထံသို့မဆို တိုင်တန်းနိုင်ပြီး၊ VFS Global ၏ ဒေတာ စီမံဆောင်ရွက်မှုကြောင့် သင်၏ ရပိုင်ခွင့်များ မည်သို့ သက်ရောက်ခဲ့ကြောင်းကို ထောက်ပြပေးနိုင်ပါသည်။ 

VFS Global ၏ အီးယူ ကြီးကြပ်ရေး အာဏာပိုင်မှာ-

The Information Commissioner's Office, 
Wycliffe House, Water Lane, 
Wilmslow, Cheshire, 
SK9 5AF, United Kingdom. 

တယ်လီဖုန်း- + 44 (0)1625 545 745
အီးမေးလ်- https://ico.org.uk/global/contact-us/

 

သင်က သင်၏ အချက်အလက်များကို ရယူလျက် အပ်ဒိတ် လုပ်နိုင်ပုံ။

သင်သည် VFS Global တွင် သိမ်းဆည်းထားသည့် သင့်အကြောင်း အချက်အလက်များ၏ မိတ္တူကို တောင်းဆိုပိုင်ခွင့် ရှိပါသည်။ သင်က သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ရယူရန် တောင်းဆိုလျှင်၊ ကျွန်ုပ်တို့သည် ဝမ်းမြောက်စွာဖြင့်၊ ဥပဒေလာ တောင်းဆိုချက်များနှင့် ကင်းလွတ်ခွင့်များ၊ သက်သေခံ လက်မှတ်များ စိစစ်ရေး လုပ်ရိုးလုပ်စဉ်များ အပါအဝင်ကို လိုက်နာလျက်၊ ဆောင်ရွက်ပေးပါမည်။ သင့်ထံ ဒေတာကို ပို့မပေးမီ၊ ကျွန်ုပ်တို့သည် သင်၏ သက်သေခံ လက်မှတ် အထောက်အထားနှင့် သက်ဆိုင်နိုင်သည့် ဒေတာ တစ်ခုခုကို ရှာနိုင်ရန် အတွက် ကျွန်ုပ်တို့နှင့် သင်၏ တုံ့ပြန်ထိတွေ့မှုများ အကြောင်း လုံလောက်သည့် အချက်အလက်များကို တောင်းဆိုကြပါမည်။ ထို့အပြင် သင့် ဒေတာ၏ မိတ္တူကို ပို့ပေးရန် အတွက် ကျွန်ုပ်တို့သည် (ဒေသန္တရ ဥပဒေများက ခွင့်မပြုသည့် ကိစ္စများမှ လွဲပြီး) သင်ထံမှ အခကို တောင်းဆိုနိုင်ကြပါသေးသည်။

သင်၏ အချက်အလက်များ တိကျရန်မှာ ကျွန်ုပ်တို့ အတွက် အရေးကြီးပါသည်။ အချို့သော တရားစီရင်မှု စနစ်များထဲတွင်၊ သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များ မမှန်ကန်လျှင် သို့မဟုတ် အပ်ဒိတ် လုပ်ပေးရန် လိုအပ်လျှင် သင်သည် ပြင်ဆင် မွမ်းမံခွင့် ရှိပါသည်။ သင့်ထံတွင် သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ဖျက်ပစ်ရန် တောင်းဆိုပိုင်ခွင့်ပါ ရှိနိုင်ပါသည်၊ သို့သော် ဥပဒေလာ တောင်းဆိုချက်များနှင့် အခြားသော တာဝန်များနှင့် အချက်များကြောင့် အမြဲတမ်း ထိုသို့ ပြုလုပ်ချင်မှ ပြုလုပ်နိုင်ပါမည်။

ကျွန်ုပ်တို့ထံတွင် သိမ်းဆည်းထားသည့် အချက်အလက်များကို သင့်အနေနှင့် လွယ်ကူစွာ ကြည့်ရှုနိုင်ပြီး ပြင်ဆင်နိုင်အောင် ကျွန်ုပ်တို့က နည်းလမ်းများကို အားထုတ် နေကြပါသည်။ ယင်းအတောအတွင်းမှာ၊ သင်က ကျွန်ုပ်တို့ထံတွင် သိမ်းဆည်းထားသည့် အချက်အလက်များ၏ မိတ္တူကို လိုချင်သည်၊ သို့မဟုတ် သင်သည် အီးမေးလ် လိပ်စာကို ပြောင်းလဲခဲ့လျှင်၊ သို့မဟုတ် ကျွန်ုပ်တို့ သိမ်းဆည်းထားသည့် အချက်အလက် တစ်ခုခု မမှန်ကန် သို့မဟုတ် ဟောင်းသွားပြီ ဆိုလျှင်၊ ကျေးဇူးပြုပြီး ကျန်ုပါတို့၏ သုံးစွဲသူ စင်တာသို့ ဆက်သွယ်ပါ၊ လက်ရှိ ကိုယ်ရေးဆိုင်ရာ သတိပေးချက်၏ အစပိုင်းတွင် ဖေါ်ပြထားသည့် ကျွန်ုပ်ုတိ့၏ ဒေသခံ ရုံးသို့ စာရေးပါ၊ သို့မဟုတ် ကျွန်ုပ်တို့၏ ဒေတာ ကာကွယ်ရေး အရာရှိထံ အီးမေးလ် ပို့ပါ။

 

သင်၏ အချက်အလက်များ ဆုံးရှုံးမှု၊ မှားသုံးမှု သို့မဟုတ် ပြောင်းလဲခံရမှုမှ ကာကွယ်ပေးရန် လုံခြုံရေး ကြိုတင်ကာကွယ်မှုများကို ချမှတ်ထားပါသည်

သင်က ကျွန်ုပ်တို့ကို ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ပေးလျှင်၊ ၎င်းတို့ကို လုံခြုံစွာ ကိုင်တွယ်နိုင်အောင် အာမခံပေးရေး ခြေလှမ်းများကို ချမှတ်ထားပါသည်။ အရေးကြီးသည့် မည်သည့် အချက်အလက် (ခရက်ဒစ် သို့မဟုတ် ဒက်ဘစ် ကဒ် အသေးစိတ်များ ကဲ့သို့) မှန်သမျှကို လျှို့ဝှက်ကုဒ်း သွင်းလျက် ကာကွယ်ပေးပါသည်။

ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ပေါ်က လုံခြုံသည့် စာမျက်နှာပေါ်တွင် သင်ရှိနေလျှင်၊ သော့ခလောက် အိုင်ကွန် ဝဘ် ဘရောင်ဇာ အများစု၏ လိပ်စာ ဘားထဲတွင် ပေါ်လာပါမည်။

အရေးမကြီးသည့် အသေးစိတ်များ (သင်၏ အီးမေးလ် လိပ်စာ စသည်) ကို အင်တာနက် ပေါ်တွင် ပုံမှန် လွှဲပြောင်းပေးရာ၊ ၎င်းမှာ 100% လုံခြုံသည်ဟု အာမခံ၍ မရနိုင်ပါ။ သို့ဖြစ်၍၊ ကျွန်ုပ်တို့က သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ကာကွယ်ပေးရန် အားထုတ်နေကြသော်လည်း၊ သင်က ကျွန်ုပ်တို့ထံ ပို့ပေးသည့် အချက်အလက်များ၏ လုံခြုံမှုကိုမူ မိမိတို့ အာမခံမပေးနိုင်ကြပါ၊ သင်သည် မိမိဘာသာ အရဲစွန့်ပြီး လုပ်ရပါမည်။ သင်၏ အချက်အလက်များကို ကျွန်ုပ်တို့ ရရှိလိုက်သည့် နောက်မှာ၊ ကျွန်ုပ်တို့၏ စနစ်များထဲတွင် ၎င်း၏ လုံခြုံမှုကို အာမခံပေးရန် ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကြိုးပမ်းကြပါသည်။ သင်၏ အကောင့်ကို သတ်မှတ်ချိန်မှာ၊ ဥပမာ သင်က ဗီဇာ လျှောက်ရေး စင်တာမှာ ရက်ချိန်းကို ပြုလုပ်စဉ်၊ သင် အသုံးပြုခဲ့သည့် စကားဝှက်ကို သင်သည် လျှို့ဝှက် သိမ်းဆည်းထားရန် တာဝန် ရှိပါသည်။ သင်၏ စကားဝှက်ကို မည်သူကိုမျှ မျှဝေမပေးရန် သင့်ကို တောင်းပန်ပါရစေ။

 

ပရိုဖိုင်ပြုစုခြင်း

ပရိုဖိုင်ပြုစုခြင်းမှာ ဆန်းစစ်ရန် သို့မဟုတ် ပြုမူပုံကို ခန့်မှန်းရန် ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို အလိုအလျောက် စီမံဆောင်ရွက်သည့် ပုံစံတစ်ခုခုပါ။ ကျွန်ုပ်တို့ ထိုသို့ မပြုလုပ်ကြပါ။

 

‘ကူးကီးများ’ကို သုံးခြင်း

အခြား ဝဘ်ဆိုက် အများနည်းတူ၊ VFS Global ဝဘ်ဆိုက်သည် ကူးကီးများကို သုံးပါသည်။ ‘ကူးကီးများ’ ဆိုသည်မှာ အဖွဲ့အစည်း တစ်ခုမှ သင့်ကွန်ပျူတာထံသို့ ပို့ပေးသည့် အချက်အလက် အပိုင်းလေးများ ဖြစ်ကြပြီး သင်၏ ဟာ့ဒ်ဒရိုက်ဗ်မှာ သိုလှောင်ထားမှုက ဝဘ်ဆိုက် အနေနှင့် သင် ဝင်ကြည့်တိုင်း သင့်ကို မှတ်မိစေပါသည်။ ၎င်းတို့က သင်၏ ဘရောင်ဇာထဲက လုပ်ကိုင်မှုများနှင့် ပုံစံများဆိုင်ရာ စာရင်းအင်းများကို စုစည်းကြပြီး သင့်ကို လူတစ်ဦးအနေနှင့် သတ်မှတ်ခြင်း မလုပ်ကြပါ။ ဥပမာ၊ ကျွန်ုပ်တို့သည် သင် ရွေးချယ်ထားသည့် ဘာသာစကားကို သိုလှောင်ရန် ကူးကီးများကို သုံးကြပါသည်။ ထိုသို့လုပ်မှုက ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ကို မြှင့်တင်ရန်နှင့် ပိုပြီး ကိုယ်ရေးဆန်သည် ဝန်ဆောင်မှုကို စီမံပေးခွင့် ပြုပါသည်။

သင့် ဘရောင်ဇာ၏ ရွေးစရာမျာကို သတ်မှတ်ပေးခြင်းဖြင့် ကူးကီးများကို ပိတ်ထား နိုင်ပါသည်။ သင့်ကွန်ပျူတာထဲတွင် ကူးကီးများကို ပိတ်ပစ်ရေး ဆိုင်ရာ ပိုပြီး သိရှိလိုပါက၊ ကျွန်ုပ်တို့၏ ကူးကီး သတိပေးချက် အပြည့်ကို ဝင်ကြည့်ပါ။ ကူးကီးများကို ပိတ်ထားမှုက ကျွန်ုပ်တို့ ဝဘ်ဆိုက်ကို အသုံးပြုရာတွင် အသုံးပြုနိုင်စွမ်း ကျဆုံးသွားနိုင်ပါသည်။

 

အခြား ဝဘ်ဆိုက်များသို့ လင့်ခ်များ

ကျွန်ုပ်ုတို့၏ ဝဘ်ဆိုက်မှာ အခြားအဖွဲ့အစည်းများမှ မောင်းနှင်ထားသည့် ဝဘ်ဆိုက်များထံသို့ လင့်ခ်များ ပါနိုင်ပါသည်။ ဤကိုယ်ရေး ဆိုင်ရာ သတိပေးချက်မှာ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်နှင့်သာ အကျုံးဝင်ပါသည်၊ သို့ဖြစ်၍ သင် ဝင်ကြည့်သည့် အခြား ဝဘ်ဆိုက်များ၏ ကိုယ်ရေး ဆိုင်ရာ ကြေညာချက်များကိုပါ ဖတ်ရှုရန် သင့်ကို တိုက်တွန်းလိုပါသည်။ သင်က ကျွန်ုပ်တို့ ဝဘ်ဆိုက်မှ လင့်ခ်များကို သုံးပြီး သင် ဝင်ကြည့်နေသည့် အခြားဆိုက်များ၏ ကိုယ်ရေး ဆိုင်ရာ မူဝါဒများနှင့် လုပ်ကိုင်နည်းများ အတွက် ကျွန်ုပ်တို့ တာဝန် မယူနိုင်ကြပါ။
ထို့အပြင်၊ သင်သည် အခြားအဖွဲ့၏ ဆိုက်မှ ကျွန်ုပ်တို့ ဝဘ်ဆိုက်သို့ ချိတ်ဆက်ခဲ့လျှင်၊ ယင်းအခြားအဖွဲ့၏ ကိုယ်ရေး ဆိုင်ရာ မူဝါဒများနှင့် လုပ်ကိုင်နည်းများ အတွက် ကျွန်ုပ်တို့ တာဝန် မယူနိုင်ကြဘဲ သင့်အား ယင်းအခြားအဖွဲ့၏ သတိပေးချက်ကို စစ်ကြည့်ရန် အကြံပေးပါရစေ။

 

လူမှုရေး ကွန်ရက်များ

ကျွန်ုပ်တို့၏ အချို့သော ဝန်ဆောင်မှုများထဲတွင်၊ Facebook® “Like” ခလုတ်များနှင့် ဝီဂျက်များ၊ “Share” ခလုတ်များနှင့် ပြန်လှန်တုံ့ပြန်ရေး မီနီ-ပရိုဂရမ်များ ကဲ့သို့သော လူမှုရေး ကွန်ရက် အင်္ဂါရပ်များ ပါဝင်နိုင်ကြပါသည်။ ယင်းဝန်ဆောင်မှုများက သင် ဝင်ကြည့်ခဲ့သည့် ဝဘ် စာမျက်နှာများနှင့် IP လိပ်စာများကို စုစည်းနိုင်ကြပြီး ပုံမှန် လုပ်ကိုင်နိုင်စေမည့် ကူးကီးများကို သတ်မှတ် ထားနိုင်ကြပါသည်။ ယင်းကဲ့သို့သော အခြားအဖွဲ့များမှ စုစည်းကြသည့် အချက်အလက်များ၏ လုံခြုံမှု သို့မဟုတ် ကိုယ်ရေးလျှို့ဝှက်ချက် အတွက် ကျွန်ုပ်တို့ တာဝန် မရှိကြပါ။ သင်က ဆက်သွယ်၊ သုံး သို့မဟုတ် ရယူသည့် အခြားအဖွဲ့များ၏ ဝန်ဆောင်မှုများဆိုင်ရာ ကိုယ်ရေး ကြေညာချက်များ သို့မဟုတ် မူဝါဒများကို သင်သည် ဖတ်ရှုလေ့လာရန် လိုအပ်ပါသည်။ သင်သည် သင်၏ ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို သင်၏ လူမှုရေး မီဒီယာ အကောင့်ကို စီမံပေးသူ သို့မဟုတ် လူမှုရေး မီဒီယာ၏ အခြား အသုံးပြုကြသူတို့အား မျှဝေမပေးစေလိုလျှင်၊ ကျေးဇူးပြုပြီး သင်၏ လူမှုရေး မီဒီယာ အကောင့်ကို သင်၏ ဝန်ဆောင်မှု ရယူရေး အကောင့်ဖြင့် ဆက်သွယ်ခြင်း မပြုလုပ်ဘဲ ဝန်ဆောင်မှုများထဲက လူမှုရေး မျှဝေမှုထဲ မပါဝင်ပါနှင့်။

 

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်-

သင်သည် ဤကြေညာချက် သို့မဟုတ် ကျွန်ုပ်တို့၏ ကိုယ်ရေးဆိုင်ရာ လုပ်ကိုင်နည်းများနှင့် ပတ်သက်ပြီး မေးခွန်းများ ရှိနိုင်ကြောင်းကျွန်ုပ်တို့ နားလည်ပါသည်။ ကျေးဇူးပြုပြီး အောက်ပါ နည်းလမ်းများ အနက် တစ်နည်းနည်းဖြင့် လွတ်လပ်စွာ ဆက်သွယ်ပါ-
VFS Global ဒေတာ ကာကွယ်ရေး အရာရှိ- 
အီးမေးလ်- 
DPO@vfsglobal.com

လိပ်စာ- Attn:
- Data Protection Officer
VFS Global, 
3rd Floor,
66 Wilson Street,
London,
EC2A 2BT
U.K.