Not available at {VACNAME}

Change your visa application centre

ဦးစားပေး ဗီဇာ ဝန်ဆောင်မှု

သင်၏ ယူကေ ဗီဇာ လျှောက်လွှာကို တန်းစီမှု၏ ရှေ့ဆုံးမှာ ထားပေးပါ

သင်သည် သင်၏ ဗီဇာကို အရေးတကြီး လိုအပ်လျှင်၊ သင်သည် ယူကေ ဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေး၏ ဦးစားပေး ဗီဇာ ဝန်ဆောင်မှုကို သုံးနိုင်သည်။

၎င်းက ဗီဇာဆိုင်ရာ ဆုံးဖြတ်ရေး အဆင့်တိုင်းတွင် သင်၏ လျှောက်လွှာကို တန်းစီမှု၏ ရှေ့ဆုံးမှာ ထားပေးမည်။

ဗီဇာကို ရရှိရန်မှာ ဘယ်လောက် ကြာတတ်သလဲ။

ယူကေ ဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေးသည် သင်၏ ဦးစားပေး ဗီဇာ လျှောက်လွှာ အတွက် ဆုံးဖြတ်ချက်ကို ချမှတ်ရန် ရည်ရွယ်ထားပြီး၊ သင်၏ နိုင်ငံကူးလက်မှတ်မှာ အသင့်ရှိနေပြီး လာယူနိုင်ကြောင်းကို သင့်အား အကြောင်းကြားပေးရန် သင်က သင်၏ ဇီဝတိုင်းထွာမှု အချက်အလက်များကို တင်သွင်းခဲ့သည့် အချိန်မှစပြီး ရုံးရက် 5 ရက်အတွင်းမှာ သင့်ကို ဆက်သွယ်ပါမည်။

သို့သော်လည်း၊ လျှောက်လွှာတိုင်းသည် မတူထူးခြားတတ်ပြီး၊ သင်၏ လျှောက်လွှာမှာ ရိုးရိုးရှင်းရှင်း မဟုတ်လျှင်၊ ထိုအချိန်ဇယားကို ပြည့်မီရန် မလွယ်ကူနိုင်ပါ။ ယင်းကိစ္စမျိုး ဖြစ်သည့် တိုင်အောင်၊ သင်၏ လျှောက်လွှာသည် ဆုံးဖြတ်ချက် ချမှတ်ရေး အဆင့်တိုင်းမှာ ရှေ့ဆုံးမှာ ရှိနေမည် ဖြစ်ပြီး၊ ယူကေ ဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေးသည် သင်၏ လျှောက်လွှာကို သွဲစွဲသူများ အားလုံးဆိုင်ရာ ဝန်ဆောင်မှု စံနှုန်းများ အတိုင်း စီမံဆောင်ရွက်ပေးရန် အားထုတ်ပါမည်။ အောက်ပါကိစ္စမျိုးမှာ သင်၏ လျှောက်လွှာမှာ ရိုးရှင်းသည်ဟု ယူဆမရနိုင်ပါ-

  • ယူကေ အတွက် ဗီဇာကို ငြင်းပယ် ခံခဲ့ရဘူးသည် နှင့်/သို့မဟုတ်၊
  • ယူကေသို့ ဝင်ရန် ခွင့်ပြုချက် ငြင်းပယ် ခံခဲ့ရဘူးသည် နှင့်/သို့မဟုတ်၊
  • ပြည်နှင်ခံခဲ့ရ၊ ဖယ်ရှားခံခဲ့ရ သို့မဟုတ် အခြားအကြောင့်ကြောင့် ယူကေမှ ထွက်သွားရန် လိုအပ်ခဲ့သည် နှင့်/သို့မဟုတ်
  • ယူကေမှာ နေထိုင်ရန် ခွင့်ပြုခဲ့သည့် အချိန်ကာလထက် ကျော်လွန် နေထိုင်ခဲ့သည် နှင့်/သို့မဟုတ်
  • ယူကေမှာ နေထိုင်ခွင့် ရှိခဲ့သော်လည်း ပြည်ထဲရေးဌာနမှ ရုပ်သိမ်းခဲ့သည် နှင့်/သို့မဟုတ်
  • ယူကေမှာ နေထိုင်ခွင့်ကို ပြည်ထဲရေးဌာနမှ ငြင်းပယ်ခဲ့သည် နှင့်/သို့မဟုတ်
  • ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ အမေရိက ပြည်ထောင်စု သို့မဟုတ် ရှင်ဂင် နိုင်ငံများသို့ ဗီဇာ ပယ်ချခံခဲ့ရသည်၊ နှင့်/သို့မဟုတ်၊
  • ယူကေ သို့မဟုတ် တစ်နေရာရာက ပြစ်မှုအတွက် ပုလိပ်ဖက်မှ တွေ့ဆုံ မြေးမြန်းခဲ့သည်၊ ထိန်းချုပ်ခဲ့သည် သို့မဟုတ် အရေးယူခဲ့သည်၊ နှင့်/သို့မဟုတ်၊
  • သင့်ထံတွင် နိုင်ငံ တစ်ခုခုထဲက ရာဇဝတ်မှုအတွက် ပြစ်ဒဏ်ကို အပြည့်အဝကျခံမပြီးသေး၊ နှင့်/သို့မဟုတ်၊
  • သင်သည် နိုင်ငံတစ်ခုခုတွင် ရာဇဝတ်မှု တစ်ခုခုကို ကျူးလွန်ခဲ့သည်

သင်သည် ယင်း အတန်းအစား တစ်ခုခုထဲတွင် ရှိနေလျှင်၊ ယူကေ ဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေးသည် သင်၏ လျှောက်လွှာကို 5 ရက် အချိန်ဇယား အတွင်းမှာ စီမံဆောင်ရွက် ပေးမရနိုင်သောကြောင့် သင်သည် ဦးစားပေး ဗီဇာ ဝန်ဆောင်မှုကို မသုံးအပ်ပါ။

သိထားသင့်သည်များ

ဤဝန်ဆောင်မှု၏ အခနှုန်းကို သင်၏ ဗီဇာ လျှောက်လွှာခအပြင် ထပ်ဆောင်းပေးရန် လိုအပ်ပြီး၊ ဗီဇာ လျှောက်လွှာ ပယ်ချခံခဲ့ရလျှင် သို့မဟုတ် ခြွင်းချက် ကိစ္စမျိုးမှာ၊ စီမံဆောင်ရွက်ပေးရန် ပိုကြာခဲ့လျှင်၊ ငွေပြန်အမ်းပေးမည် မဟုတ်ပါ။ ဦးစားပေး ဗီဇာ ဝန်ဆောင်မှုကို အသုံးပြုခြင်းက သင်၏ လျှောက်လွှာ အောင်မြင်မှာကို အာမခံ မပေးနိုင်ပါ။ ဗီဇာ လျှောက်လွှာ အားလုံးတို့သည် ယူကေ လူဝင်မှုကြီးကြပ်ရေး စည်းကမ်းချက်များကို ပြည့်မီကြရပါမည်။

နောက်ထပ် ဝန်ဆောင်မှုများ

အခြားသူတို့ ထည့်စဉ်းစားခဲ့ကြသည်မှာ