နိုင်ငံရပ်ခြားမှ ဗြိတိသျှ နိုင်ငံသားခံယူမှု

သင်သည် ဗြိတိသျှ နိုင်ငံသားရယူရန် လျှောက်နေလျှင်၊ သင်၏ ဇီဝတိုင်းထွာရေး အချက်အလက်များကို ဗီဇာ လျှောက်ထားးရေး စင်တာမှာ ပေးနိုင်ရန် ရက်ချိန်းကို ရယူရန် VFS Global ဝဘ်ဆိုက်မှာ မှတ်ပုံတင်ရန် လိုအပ်ပါသည်။

သင်သည် မှတ်ပုံတင်ပြီးသည်နှင့်၊ သင်လုပ်၍ ရနိုင်သည်မှာ

  • သင်၏ စိတ်ကြိုက် ဗီဇာ လျှောက်ရေး စင်တာကို ရွေးပါ
  • ရက်ချိန်းကို ရယူပါ
  • ရက်ချိန်းများကို သင် ယခင်က ရွေးခဲ့သည့် ရက်စွဲမှ 24 နာရီအထိ စောပြီး ပြန်စီစဉ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း

မှတ်ပုံတင်ပြီး ရက်ချိန်းကို ရယူရန်

ကျေးဇူးပြုပြီး အချို့သော ဗီဇာ လျှောက်ရေး စင်တာကို အသုံးပြုရာတွင် အပိုဆောင်း အခများ ရှိနိုင်သည်ကို သတိထားပါ။ သင်သည် ဗီဇာ လျှောက်ရေး စင်တာ အားလုံးတို့၏ အသေးစိတ်များနှင့် ၎င်းတို့ ယူသည့် အခများကို ဤနေရာတွင် ရှာတွေ့နိုင်ပါသည်၊ သို့သော် နိုင်ငံရပ်ခြားမှ ဗြိတိသျှ နိုင်ငံသားခံယူမှု အခကိုမူ £10 သာပေးရန် လျှော့ချထားကြောင်း သတိထားပါ။