ယူကေ ဗီဇာ အတွက် လျှောက်ရပုံ

ဗီဇာကို သင်ကိုယ်တိုင် လ​ျှောက်ပါ၊ သို့မဟုတ် အဆိုပြုထားသည့် ပရီမီယံ ဝန်ဆောင်မှုများ၏ သာလွန်ချက်ကို ရယူလျက် လေ့ကျင့်ထားသည့် ဝန်ထမ်းများဖြင့် လုပ်ငန်းစဉ်ကို လွယ်ကူအောင် လုပ်ယူပါ။

သင် မည်သို့ လျှောက်လိုသည်ကို ရွေးပါ

  • ကျွန်တော် ကိုယ်တိုင် ပြုလုပ်ပါမည်

    ယူကေ ဗီဇာ လျှောက်ရန် ပေးရကျိုးနပ်သည့် နည်းလမ်း

    အဆင့် 8 ဆင့်
    Gov.uk အတွက် ကုန်ကျမှုများ
  • သင်၏ ဗီဇာ အမျိုးအစားကို လေ့လာကြည့်ပါ

    သင့် ခရီးအတွက် မှန်ကန်သည့် ဗီဇာကို ရွေးပါ

    UK ဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေး ဝဘ်ဆိုက်များကို အသုံးပြုပြီး သင့်အနေနှင့် လျှောက်သင့်သည့် ဗီဇာ အမျိုးအစား နှင့် ၎င်းကို ပြီးဆုံးစေရန် လိုအပ်မည့် စာရွက်စာတမ်းများကို ရှာကြည့်ပါ။

    ဗီဇာ အမျိုးအစား တစ်ခုချင်း အတွက် လိုအပ်သည့် စာရွက်စာတမ်များ မတူကြပါ၊ သို့ဖြစ်၍ သင်၏ ဗီဇာ အမျိုးအစားကို ဂရုတစိုက် စစ်ကြည့်ပါ။ သင်၏ စာရွက်စာတမ်များမှာ အင်္ဂလိပ်လို မဟုတ်ကြလျှင်၊ မလျှောက်မီ သင်သည် ၎င်းတို့ကို ဘာသာပြန်လျက် အသင့်ပြင်ထားရန် လိုအပ်နိုင်သည်။

  • သင့်ဗီဇာအတွက် Gov.uk မှတဆင့် လျှောက်ပါ

    အွန်လိုင်း လျှောက်ပါ

    သင်သည် လျှောက်ရန် အသင့်ရှိပြီဆိုလျှင်၊ သင်၏ ဗီဇာကို လျှောက်ရန် UK ဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေး ဝဘ်ဆိုက်သို့ သွားပါ။ သင်သည် သင်၏ ခရီးသွား သမိုင်းကို ကောင်းမွန်စွာ မှတ်တမ်း တင်ထားပြီး သင် သွားခဲ့သည့် ခရီးစဉ်တိုင်းကို ပံ့ပိုးပေးမည့် စာရွက်စာတမ်းများ ရှိနေကြောင်း သေချာပါစေ။ သင်သည် သင့်မိသားစု သို့မဟုတ် အခြားဆွေမျိုးများကိုယ်စား လျှောက်လိုပါက၊ မစတင်မီ၊ သင့်ထံတွင် သူတို့၏ အသေးစိတ်များ နှင့် ခရီးသွား မှတ်တမ်းများ အားလုံး ရှိနေရန် လိုအပ်ပါမည်။

  • ရက်ချိန်းကို ရယူပါ

    ဗီဇာ လျှောက်ရေး စင်တာ တစ်ခုကို ရွေးပြီး တွေ့ဆုံရန် ရက်ချိန်းကို ရယူပါ

    ဗီဇာ လျှောက်ထားမှု အစိတ်အပိုင်း တစ်ရပ်အဖြစ်၊ သင်သည် ဗီဇာ လျှောက်ရေး စင်တာ တစ်ခုမှာ သင်၏ လက်ဗွေများ နှင့် ဓာတ်ပုံကို ရိုက်ယူနိုင်ရန် ရက်ချိန်းကိုပါ ပြုလုပ်ထားရန် လိုအပ်ပါမည်။ ၎င်းကို ‘ဇီဝတိုင်းထွာမှု အချက်အလက်များ’ဟု ခေါ်ဝေါ်ပါသည်။ သင်သည် ကျောင်းသား ဗီဇာ (Tier 4) အတွက် လျှောက်လိုလျှင်၊ ခဏကြာ အင်တာဗျူးကိုပါ ပြုလုပ်ရန် သင် လိုအပ်နိုင်ပါသည်။

    မိသားစု သို့မဟုတ် အုပ်စုအဖြစ် ခရီးသွာမှာလား။  အုပ်စုလိုက် ရက်ချိန်း ပြုလုပ်မှုဖြင့် အချိန်၊ ခရီး နှင့် ငွေကို ချွေတာပါ။

  • သင်၏ ဗီဇာ အခများကို ပေးချေပါ

    သင်သည် လျှောက်လွှာကို တင်လိုက်ပြီး ရက်ချိန်းကို ရယူခဲ့ပြီ ဆိုလျှင်၊ သင်သည် သင်၏ ဗီဇာ လျှောက်လွှာ အတွက် ပေးချေရန် လိုအပ်ပါမည်။ ၎င်းကို အွန်လိုင်းမှာ သင်၏ Gov.uk လျှောက်လွှာနှင့်အတူ ပေးချေရပါမည်။

    သင့်ထံတွင် ခရက်ဒစ် သို့မဟုတ် ဒက်ဘစ် ကဒ် မရှိလျှင်၊ သင့်ကိုယ်စား တစ်ဦးဦးအား ငွေပေးချေရန် စီစဉ်နိုင်ပါသည်။ သို့မဟုတ်ပါက၊ ၎င်းကို အချို့သော ဗီဇာ လျှောက်ရေး စင်တာ များတွင် အခကြေးငွေ အနည်းငယ်ယူပြီး ပြုလုပ်ပေးနိုင်ပါသည်။ သင်က ရွေးထားသည့် ဗီဇာ လျှောက်ရေး စင်တာက ထိုဝန်ဆောင်မှုကို ပေးမပေး စစ်ကြည့်ပါ။

  • သင်၏ ဝန်ဆောင်မှုများကို ရွေးပါ

    သင်၏ လျှောက်လွှာကို ပိုလွယ်ကူလာစေပါ

    သင်သည် သင့်ဗီဇာခကို ငွေပေးချေပြီးသည်နှင့်၊ သင့်အား ရည်ညွှန်းချက် နံပါတ်ကို ပေးပါမည်။ ၎င်းကို GWF ဖြင့် စတင်ပါသည်။ သင့်ထံတွင် ထိုနံပါတ် ယခု ရှိလာပြီ ဖြစ်သောကြောင့်၊ သင်သည် ဗီဇာ လျှောက်ရေး စင်တာသို့ သင် သွားရမည့် လာမည့် တွေ့ဆုံမှုကို VFS Global ၏ ပရီမီယံ ဝန်ဆောင်မှုများ တသီကြီးနှင့် စိတ်ကြိုက် ချိတ်တွဲနိုင်ပါသည်။

    သင်က လုပ်ငန်းစဉ်ကို ပိုမြန်စေလျက် လွယ်ကူစေလိုပါသလား၊ သို့မဟုတ် သင်က ဗီဇာ လျှောက်ရေး စင်တာကို သွားသည့်အခါမှာ အေးဆေး သက်သာစွာ ထိုင်စောင့် နေချင်ပါသလား၊ VFS Global ထံတွင် ရွေးစရာ ဝန်ဆောင်မှုများ ရှိကြပါသည်။

    ဘာကို ရွေးရမှန်း မသေချာဘူးလား။ ဈေးလျှော့ထားပြီး တစ်ခုထည်းတွင် အားလုံးပါဝင်သည့် ငွေ ပရီမီယံ ဝန်ဆောင်မှုများ  အစီအစဉ်အတွဲဖြင့် ဗီဇာ လျှောက်လွှာကို အရှိန်မြှင့်ရင်း ငွေကို ချွေတာပါ။

  • ဗီဇာ လျှောက်ရေး စင်တာကို သွားပါ

    မိမိ ရက်ချိန်းမှာ လာပါ

    သင်သည် သင်၏ ဗီဇာ လျှောက်လွှာ အတွက် ရက်ချိန်းကို ကိုယ်တိုင် တက်ရပါမည်။ သင်သည် သင့်ကိုယ်စား တစ်ဦးဦးကို စေလွှတ် မရနိုင်ပါ။

    • အနည်းဆုံး 15 မိနစ် အချိန်စောပြီး အရောက်လာပါ
    • သင့်ဗီဇာ လျှောက်လွှာ၏ မိတ္တူကို ပရင့်ထုတ်ထားသည်ကို လည်းကောင်း၊ သက်တမ်း ရှိသေးလျက် နှစ်ဖက် ဗလာဖြစ်နေသည့် အနည်းဆုံး စာ 1 မျက်ရှိ နိုင်ငံကူးလက်မှတ် သို့မဟုတ် ခရီးသွား စာရွက်စာတမ်းကို လည်းကောင်း သင်နှင့်အတူ ယူဆောင်လာပါ။
    • ပံ့ပိုးရေး စာရွက် စာတမ်းများ အားလုံး (မူရင်း နှင့် မိတ္တူများ) ယူလာပါ

    စင်တာတွင် သင်သည် သင်၏ လက်ဗွေများ နှင့် ဓာတ်ပုံများကိုပါ ပေးရန် လိုပါမည်။ ၎င်းကို ဇီဝတိုင်းထွာမှု အချက်အလက်များ စုစည်းမှုဟု ခေါ်ပါသည်။

    ဒီဂျီတယ် လက်ဗွေ စကင်နာက သင်၏ လက်ချောင်း 10 ချောင်းစလုံး၏ ပုံများကို ရယူပြီး ဒီဂျီတယ် ဓာတ်ပုံကိုပါ ရယူပါမည်။ ဒီဂျီတယ် လက်ဗွေ စကင်နာသည် မှင်၊ အရည်များ သို့မဟုတ် ဓာတုပစ္စည်းများကို အသုံးမပြုဘဲ သင်၏ အရေပြားကို မှတ်သားရန် မလိုပါ။

    သင်၏ ဒီဂျီတယ် ဓာတ်ပုံကို မျက်နှာအပြည့်၊ နေကာ သို့မဟုတ် အရောင်ပါသည့် မျက်မှန်များ မပါဘဲ သို့မဟုတ် ဘာသာရေး သို့မဟုတ် ဆေးကုသမှုကြောင့် ဝတ်ဆင်ထားခြင်း မဟုတ်သည်မှလွဲပြီး ခေါင်းကို ခြုံမထားဘဲ ရိုက်ယူပါသည်။ မျက်လုံးများရှေ့တွင် ဆံပင်များ မပါရှိစေဘဲ သင်၏ မျက်နှာကို ပြတ်သားစွာ မြင်ရရန် လိုအပ်ပါသည်။

    • သင်၏ လက်ခံနိုင်သည့် လက်ဗွေများကို ပေးနိုင်စွမ်းအပေါ်အကျိုးသက်ရောက်နိုင်သည့် သင့် လက်ဗွေများအား တနည်းနည်းဖြင့် အလှပြင်ဆင်ထားခြင်း၊ ပြတ်ရှထားခြင်း၊ ပွန်းပဲ့မှု သို့မဟုတ် အခြား အမှတ်အသားများ မရှိကြောင်း သေချာပါစေ၊။
    • သင်သည် အသက် 5 နှစ်အောက် ကလေးအတွက် ဗီဇာ လျှောက်နေလျှင်၊ သူတို့သည်ပါ ရက်ချိန်းကို တက်ရောက်ရန် လိုအပ်သော်လည်း၊ သူတို့၏ ဇီဝ ဒေတာများကို ပေးရန် မလိုအပ်ပါ။
    • အသက် 18 နှစ် မပြည့်သေးသည့် ကလေးများကို သက်ကြီးတစ်ဦး လိုက်ပါပေးရန် လိုအပ်သည် ဖြစ်ပြီး ထိုသူမှာ VFS Global ဝန်ထမ်း မဖြစ်နိုင်ပါ။

    ဇီဝ အချက်အလက်များ မရှိလျှင်၊ သင်၏ ဗီဇာကို စီမံဆောင်ရွက် မပေးနိုင်ပါ။

  • မိမိ၏ လျှောက်လွှာကို ခြေရာခံကြည့်ပါ

    သင့် လျှောက်လွှာ၏ တိုးတက်မှုအခြေအနေကို သိထားပါ

    သင်သည် သင့်အတွက် ဆုံးဖြတ်ချက်ကို ဗီဇာ လျှောက်ရေး စင်တာတွင် ပြန်ရလျှင်၊ သင့်ထံသို့ အီးမေးလ်ကို ပို့ပေးပါမည်။ သင်သည် အီးမေးလ်ကို အလွယ်တကူ စစ်မကြည့်နိုင်လျှင် သို့မဟုတ် ပိုပြီး အသေးစိတ် ခြေရာခံကြည့်လိုလျှင်၊ သင်သည် အပိုရွေးစရာကို ရွေးနိုင်ပြီး အပ်ဒိတ်များကို သင့်ဖုန်းသို့ တိုက်ရိုက် ပို့ပေးမည့် SMS ဖြင့် ရယူနိုင်ပါသေးသည်။

  • မိမိ၏ စာရွက်စာတမ်းများကို လာယူပါ

    သင်၏ စာရွက်စာတမ်းများကို ရယူရန် ဗီဇာ လျှောက်ရေး စင်တာသို့ ပြန်လာပါ

    ဗီဇာ လျှောက်လွှာ အတွက် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည့် နောက်မှာ၊ သင်သည် သင်၏ စာရွက်စာတမ်းများကို ဗီဇာ လျှောက်ရေး စင်တာမှာ လာယူနိုင်ပါသည်။

    သင်သည် သင်ကိုယ်တိုင် စာရွက်စာတမ်းများကို လာယူမည်၊ လာယူရန် ကိုယ်စားလှယ်ကို စေလွှတ်မည် သို့မဟုတ် သင့်ထံသို့ ဆက်သားဖြင့် ပို့့ပေးရမည်ကို စိတ်ကြိုက်ရွေးပါ။

    အလျင်စလို လိုချင်လား။ သင် ရွေးထားသည့် ဗီဇာ လျှောက်ရေး စင်တာ က သင်၏ စာရွက်စာတမ်းများကို လျင်မြန်စွာ ပို့ပေးမည့် ပရီမီယံ ဆက်သားကို ကမ်းလှမ်းထားမထားကို စစ်ကြည့်ပါ။

လျှောက်ရန် အသင့်ပဲလား။

သင်၏ ဗီဇာ လုပ်ငန်းစဉ်ကို စတင်ခဲ့သည့် နောက်မှာ သင်၏ ရည်ညွှန်းနံပါတ်နှင့်အတူ VFS Global ထံသို့ လာပြီး စီစဉ်ထားသည့် ပရီမီယံ ဝန်ဆောင်မှုများ၏ သာလွန်ချက်ကို ရယူပါ။