VFS Global’ ၏ ကူးကီးများ

ကူးကီးများ ဆိုသည်မှာ ဘာလဲ။

ကူးကီးများ ဆိုသည်မှာ၊ အသုံးပြုသူက VFS Global ၏ ဝဘ်ဆိုက်(များ)ကို ဝင်ကြည့်စဉ်၊ အသုံးပြုသူ၏ စနစ် သို့မဟုတ် အင်တာနက်ကို သုံးနေသည့် ကိရိယာတွင် သိုလှောင်ထားသည့် ဖိုင်များ သို့မဟုတ် အချက်အလက် အပိုင်းအစများ ဖြစ်ပါသည်။ VFS Global သည် ဝဘ်ဆိုက်(များ)ကို အသုံးပြုမှု ပိုလွယ်လာစေရန်နှင့် အသုံးပြုသူ အနေနှင့် သင့်အတွက် တန်ဖိုးရှိသည့် သုံးနည်းများကို ပိုမိုဖန်တီးပေးရန် ကူးကီးများကို အသုံးပြုပါသည်။ VFS Global သည် ထိုအချက်အလက်များမှနေပြီး အသုံးပြုသူ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖေါ်ထုတ် မရနိုင်ပါ။ ကူးကီးများ ကိုယ်၌က အသုံးပြုသူ တစ်ဦးချင်းကို ဖေါ်ထုတ်မပေးနိုင်ပါ၊ သင် သုံးနေသည့် ကွန်ပျူတာ သို့မဟုတ် မိုဘိုင်း ကိရိယာ ကသာလျှင် သက်သေခံမှု တဂ်ကို ကျပန်း ထုတ်ပေးပါသည်။

VFS က ကူးကီးများကို သုံးပုံ။

VFS ဝဘ်ဆိုက်မှနေပြီး အများဆုံး ရယူနိုင်ရန်၊ သင်သည် ကူးကီးများကို လက်ခံရမည်။ VFS Global သည် ကူးကီးများကို သုံးလျက် သင့်အတွက် အကောင်းဆုံး အတွေ့အကြုံကို ပေးပါသည်။ VFS Global ဝဘ်ဆိုက်သည် ကူးကီးများကို သုံးမှသာ အချို့သော အင်္ဂါရပ်များကို စီစဉ်ပေးနိုင်သည်။

  • ကူးကီးများက ဝဘ်ဆိုက် သုံးသူများကို ကူညီပေလျက် သူတို့၏ လက်မှတ်ထိုး ဝင်ထားမှု အခြေအနေကို ထိန်းသိမ်းပေးသည်။
  • ကူးကီး အများစုမှာ "တစ်ကြိမ်သုံး ကူးကီးများ" ဖြစ်ပြီး လျှောက်သူ/အသုံးပြုသူက ဝဘ်ဆိုက်မှ ထွက်သွား၍ သုံးချိန် ကုန်ဆုံးသွားသည်နှင့် ဝဘ်ဆိုက်သုံးသည့် အသုံးပြုသူ၏ ဟာဒ်ဒရိုက်ဗ်ထဲမှ ဖျက်ပစ်လိုက်ခြင်းကို ဆိုလိုပါသည်။ သို့သော်၊ "ထပ်ပါတတ်သည့် ကူးကီးများ"မှာမူ ကျွန်ုပ်တို့ ဝဘ်ဆိုက်သို့ ဝင်ကြည့်မှု၏ အဆုံးမှာ ကျန်ရစ်နေတတ်ပါသည်။

အသုံးပြုသူသည် VFS Global သို့မဟုတ် ၎င်းနှင့် ဆက်နွှယ်သူ/များ၊ ဖက်စပ် မိတ်ဖက်/များ၊ အေဂျင်စီများ၊ လက်အောက်ခံ လုပ်ငန်းများနှင့် ဖောက်သည်များထံမှ ကူးကီးများကို VFS Global မှ ထိန်းချုပ်ခြင်း မရှိသည့် VFS Global ဝဘ်ဆိုက် စာမျက်နှာ အချို့တို့မှာ တွေ့ကြုံရနိုင်ပါသည်။ အသုံးပြုသူသည် ဖေါ်ပြပါ ဆက်နွှယ်သူ/များ၊ ဖက်စပ် မိတ်ဖက်/များ၊ အေဂျင်စီများ၊ လက်အောက်ခံ လုပ်ငန်းများနှင့် ဖောက်သည်များတို့က အသုံးပြုသူတို့၏ ကွန်ပျူတာ/အင်တာနက်သုံး ကိရိယာများ ပေါ်မှာ သုံးနေကြသည်ကို စိစစ်လျက် ယင်း ဝဘ်ဆိုက်များအား အသုံးပြုမှုကို မိမိဘာသာ ဆုံးဖြတ်ကြရပါမည်။

အသုံးပြုသူက VFS Global ၏ ဝဘ်ဆိုက်ကို အသုံးပြုသည်နှင့်၊ အသုံးပြုသူသည် VFS Global ဖက်မှ ကူးကီး အသုံးပြုမှုကို သဘောတူလိုက်ခြင်း ဖြစ်ပါသည်။ အသုံးပြုသူက ကူးကီးသုံးမှုကို သဘောမတူလျှင်၊ အသုံးပြုသူသည် VFS Global ၏ ဝဘ်ဆိုက်များကို မသုံးသင့်ပါ။

VFS Global ထံမှ ကူးကီးများကို မည်သို့ စီမံခန့်ခွဲမလဲ သို့မဟုတ် မသုံးဘဲ မည်သို့ နေနိုင်မလဲ။

သင်သည် ကူးကီးများကို ပိတ်ဆို့ရန် သို့မဟုတ် ဖျက်ရန် ရွေးနိုင်ပါသည်၊ ကူးကီးများကို ပိတ်ထားလျှင်၊ ၎င်းက အသုံးပြုသူ၏ VFS Global ဝဘ်ဆိုက်များ အသုံးပြုမှုအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း သတိပြုပါ။

သင်သည် VFS ကူးကီးစာရင်းကို လေ့လာနိုင်ပြီး ကျွန်ုပ်တို့ သုံးကြသည့် ကူးကီး အမျိုးအစားများ အကြောင်းနှင့် ယင်းတို့အတွက် ရွေးစရာများကို စီမံခန့်ခွဲပုံ အချက်အလက်များကို နောက်ထပ် ရှာယူနိုင်ပါသည်။

VFS Global က မည်သည့် ကူးကီး အမျိုးအစားများကို သုံးပါသလဲ။

VFS Global ဝဘ်စာမျက်နှာကို သုံးသူအနေနှင့် သင် ရင်ဆိုင်ရနိုင်သည့် ကူးကီးများ-

ကူးကီး အမျိုးအစား ဘာကြောင့် လိုအပ်သလဲ
ဆန်းစစ်ချက်များ

ကူးကီးများက ကျွန်ုပ်တို့အား ဝင်ကြည့်မှုများနှင့် သုံးစွဲမှု ရင်းမြစ်များကို ရေတွက်ခွင့် ပြုသောကြောင့် ကျွန်ုပ်တို့ ဆိုက်ကို ပိုကောင်းမွန်အောင် မြှင့်တင်ရာတွင် ကျွန်ုပ်တို့ကို ကူပေးပါသည်။ ၎င်းတို့က မည်သည့် စာမျက်နှာများမှာ လူကြိုက် အများဆုံးနှင့် အနည်းဆုံး ဖြစ်သည်ကို ကျွန်ုပ်တို့အား ပြသပေးလျက် ဝင်ကြည့်သူတို့ ဆိုက်ထဲ သွားလာပုံကို မြင်စေပါသည်။

ကျွန်ုပ်တို့သည် ဤဝန်ဆောင်မှုကို စီစဉ်ပေးရန် လက်ဦးသုံး ကူးကီးများကို အသုံးပြုသော Google Analytics ကို သုံးကြပါသည်။ စုစည်းထားသည့် ဒေတာကို မည်သူနှင့်မျှ မျှဝေမပေးကြပါ။

ယင်းကူးကီးများထဲမှ ရရှိသည့် အချက်အလက်များမှာ အမည်မဲ့ဖြစ်ကြပြီး ကျွန်ုပ်တို့သည် သင့်ကို မည်သူမည်ဝါ ဖြစ်ကြောင်း ရှာကြည့်ရန် သို့မဟုတ် သင်က ဆိုက်ကို ဝင်ကြည့်နေစဉ် သင် သုံးပုံသုံးနည်းကို ဩဇာလွှမ်းမိုးရန် မကြိုးစားကြပါ။ သင်က ယင်းကူးကီးများကို ခွင့်မပြုလျှင် ကျွန်ုပ်တို့သည် သင်၏ ဝင်ကြည့်မှုကို ကျွန်ုပ်တို့၏ စာရင်းအင်းများထဲ မထည့်သွင်းနိုင်ကြပါ။

သင်က ဘရောင်ဇာကို ခြေရာခံမကြည့်ပါနှင့် ကို သုံးထားပါက၊ သင်သည် ယင်းကူးကီးများကို ခွင့်မပြုကြောင်း မိမိတို့ ယူဆလျက် ၎င်းတို့ကို ပိတ်ဆို့ထားပါမည်။

စိတ်ကြိုက် မွမ်းမံခြင်း  

အမည်မဲ့ ဝင်ကြည့်မှုနှင့် လောဂင် တိုကင်များကို သိုလှောင်ရန် ကျွန်ုပ်တို့ ဆိုက်က ယင်းကူးကီးများကို အသုံးပြုပါသည်။ ၎င်းတို့သည် သင်က စာမျက်နှာများ အကြားမှာ သွားလာနေစဉ်နှင့် VFS ဆိုက် အတွင်းရှိ အပလီကေးရှင်းများ အကြားမှာ ဒေတာများကို လွှဲပြောင်းပေးချိန်မှာ သင့်ကို အသုံးပြုသူ တစ်ဦးအဖြစ် သတ်မှတ်နိုင်သော်လည်း၊ မည်သူမည်ဝါကို ဖေါ်ပြပေးနိုင်သည့် ကိုယ်ရေး အချက်အလက်များ မပါရှိဘဲ သင်က ဘရောင်ဇာကို ပိတ်လိုက်သည်နှင့် ချေဖျက်ပစ်ပါသည်။